အမေးများသော မေးခွန်းများ
မကြာခဏ မေးလေ့ရှိသော မေးခွန်းများ
ဖောက်သည်များ မကြာခဏ မေးမြန်းလေ့ရှိသော မေးခွန်းများအတွက် အဖြေများကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။ ထပ်မံသိရှိလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဟုတ်ကဲ့ ကျွန်တော်တို့ ဆင်ခြောက်ကောင်ဖိနပ်မိသားစုက လူကြီးမင်းတို့ စိတ်တိုင်းကျ customize ပြုလုပ်လိုတဲ့ ဒီဇိုင်းလေးများကို အကောင်းဆုံးဆောင်ရွက်ပေးလျက်ရှိပါတယ်။ မိမိ ဝတ်မယ့် အင်္ကျီအရောင်အတိုင်း ဖိနပ်များကိုပြုလုပ်ပေးလျက်ရှိပါတယ်။ Customize မှာယူလိုတယ်ဆိုရင်တော့ (09-402034106) သို့ဖုန်းခေါ်၍ဖြစ်စေ Viber မှဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ် ခင်ဗျာ့။
အမျိုးသားစီးဖိနပ်တွေဆို UK Shoes size နဲ့တူတူပဲဖြစ်ပါတယ်။ မြန်မာဖိနပ်တခြားတံဆိပ်စီးနေကြဆို တစ်ဆိုဒ်ခွဲလောက်လျော့ယူသင့်ပါတယ် ခင်ဗျာ့။ ယိုးဒယားဖိနပ်ဆိုဒ်နဲ့ဆိုရင် 38 ဆိုဒ်စီးနေကြဆိုရင် ဆင်ခြောက်ကောင်ဖိနပ်နံပါတ် 5 ၊ 39 ဆိုရင် 6 ၊ 40 ဆိုရင် 7 ၊ 41 ဆိုရင် 8 ၊ 42 ဆိုရင် 9 ၊ 43 ဆိုရင် 10၊ 44 ဆိုရင် 11၊ 45 ဆိုရင် 12 ဆိုပြီး ရွေးချယ်နိုင်ပါတယ် ခင်ဗျာ့။
ဆင်ခြောက်ကောင် ဖိနပ်သည် နှစ်ပေါင်း ၇၀ ကျော်တိုင်အောင် လက်လီ/လက်ကား ဝယ်ယူသူများ၏ ယုံကြည်မှုကို ရရှိထားသော အမှတ်တံဆိပ်ဖြစ်ပါသည်။ ရိုးရာမပျက် ခိုင်ခံ့သော အရည်အသွေး၊ ရေရှည်စီးပွားရေးအရ စိတ်ချရမှုနှင့် ခေတ်အဆက်ဆက် သက်တောင့်သက်သာရှိစေမည့် ဒီဇိုင်းများကို အဓိကထား ထုတ်လုပ်ထားပါသည်။